Thursday, July 30, 2009

Gtalk ကနေ Auto Respone လုပ်မယ်.

G-talk မှာ ကိုယ်မရှိနေရင် ဖြစ်ဖြစ်.. ရှိပြီးပြန်မပြောချင်ရင်ဖြစ်ဖြစ်သူ့ အလိုလျှောက် ပြန်ဖြေပေးမယ့် နည်းလေးပါ .။ အောက်ကပုံစံလေးကို ကြည့်လိုက်ပါဦး။

အဲ့လိုလေး အဖြေပေးမယ်ဆိုရင်တော့
ဒီနေရာ
ကနေသွားပြီး ပထမဆုံး Google Talk(java) ကိုရွေးပေး ။ user name နဲ့  password ကိုပေးပြီး login ၀င်ပါတယ်။ နောက်တစ်ဆင့်မှာ 0nline, busy, away , offline ပေးပြီး ကိုယ်ရေးချင်တဲ့ message လေးရေးလိုက်ပြီး save change ပေးလိုက်ရုံပါပဲ. ။
မှတ်ချက်.. ဒီpostလေးကိုဒီနေရာ
မှ တစ်ခုမကျန်အားလုံး ကူးယူပြီးဝေမျှလိုက်ပါတယ်.. ပြင်ဦးလွင်သားကိုကျေးဇူးတင်ပါတယ်..

အပြည့်အစုံသို့...

Tuesday, July 21, 2009

၃။ Layer များကို Select ပေးခြင်း. Save ခြင်း

အခုနောက်တစ်ခုအနေနဲ့ ဆွေးနွေးချင်တာကတော့ Layer များကို Select ပေးခြင်း. Save ခြင်းပါ…

* ကျွန်တော်တို့ Active ဖြစ်နေတဲ့ Layer ၏အပေါ်က Layer ကို Select ပေးချင်ရင် ( Alt+ ] )
* အောက်က Layer ကို Select ပေးချင်ရင် ( Alt+ [ )
* အပေါ်ဆုံး Layer ကို Active ဖြစ်ချင်ရင် ( Alt+ . ) period key
* အောက်ဆုံး Layerကို Active ဖြစ်ချင်ရင် ( Alt+ , ) comma key
* ဒီအပိုင်းအထိကတော့ Layer တစ်ခုခြင်းကို Select ပေးခြင်းပါ…
* ကျွန်တော်တို့ Layer အားလုံးကို Select ပေးချင်ရင်တော့ Select >> All Layer
* ဆင်တူတဲ့ Layer ကို Select ပေးချင်ရင် ( ဥပမာ- Shape Layer အားလုံး၊ Adjustment Layer အားလုံး )ဆိုရင် Layer Palette မှာ Select ပေးချင်တဲ့ Layerတစ်ခုကို Right Click ပေါ်လာတဲ့ Menu >> Select Similar Layer

ဒီနည်းလမ်းတွေအားဖြင့် Layer များကို Select ပေးနိုင်ပါတယ်… တစ်ခြားနည်လမ်းသိရှိသေးရင် ကျွန်တော့်ကို နည်းလမ်းလေးများသင်ကြားပေးခဲ့ပါ…

အဲနောက်ပြီး ကျွန်တော်တို့ ပြုလုပ်ပြီး Project တစ်ခုကို Save မယ်ဆိုရင်

* ပြန်လည်ပြင်ဆင်ရန်အတွက် Save မယ်ဆိုရင် ( *.PSD, *PDD ) Flie Type ဖြင့် Save ရန်…
* မိမိကြိုက်နှစ်သက်ပြီဆိုပါက အခြားနှစ်သက်အဆင်ပြေရာ Flie Type ဖြင့် Save နိုင်ပါတယ်….

အပြည့်အစုံသို့...

၂။ Photoshop မိတ်ဆက်နှင့် အခြေခံ

ကျွန်တော် ဒီကဏ္ဍလေးမှာ Photoshop နဲ့ပါတ်သတ်ပြီး သိသလောက်ပြန်လည်ဝေမျှလိုက်ပါတယ်…
ယနေ့စာစောင်တွေ နံရံကပ်ပိုစတောတွေ ထုတ်ဝေတဲ့ နေရာမှာ ခောတ်အစားဆုံး ကွန်ပျူတာဂရပ်ဖစ် Software ကတော့ Adobe photoshop ပါပဲ…
ဓါတ်ပုံအားလုံးကို Photoshop နဲ့ တစ်မူထူးခြားအောင်ပြုပြင်ပြောင်းလဲဖန်တီးလို့ ရပါတယ်…Photoshop ဟာလေ့လာလို့ရန် လုံးဝမခက်ခဲပါဘူး…စိတ်ဝင်တစားလုပ်ရင်အဆင်ပြေပါတယ်…
အဲ ပိုပြီးအဆင်ပြေချင်တယ်ဆိုရင် စိတ်ဝင်စားမှု နဲ့ စိတ်ကူးစိတ်သန်းကောင်း ဖို့ပါပဲ…. စာဆိုလေးတောင်ရှိပါတယ် ..တစ်နေ့တစ်လံ ပုဂံမရွေ့ ရွေ့သွားတယ်ဆိုလည်း အခုခောတ်ပေါ် Speed ကောင်းတာနဲ့လိုက်လို့ရပါတယ်..
အဲဒါဆို အခုကျွန်တော်တို့စပြီး ပေါက်ကရဆွေးနွေးကြရအောင် .. လိုအပ်ချက်ရှိရင်လဲ ဝေဖန်မှုပေးစေချင်ပါတယ်…..



photoshop basic … အခြေခံကိုစပြောပါမယ်…ပထမဆုံး Toolbox အကြောင်းပြောပြပါမယ်… Toolbox မှာ အသုံးပြုတဲ့ function တွေပါဝင်ပါတယ်…
(၁) Marquee Tool ပုံအစိတ်အပိုင်းရွေးချယ်။
(၂) Move Tool ရွေးချယ်ထားတဲ့အပိုင်းကို ရွှေ့။
(၃) Lasso Tool ပုံအစိတ်အပိုင်းအလိုက် ပုံစံအလိုက်ရွေးချယ်။
(၄) Magic Wand Tool အရောင်တန်ဖိုးတူညီတဲ့နေရာကို ရွေးချယ်။
(၅) Crop Tool အလိုရှိသောအစိတ်အပိုင်းကိုသာဖြတ်တောက်။
(၆) Healing Brush Tool လိုအပ်နေသောနေရာ ပျက်ဆီးနေသောနေရာကို ဖြည့်ရန်။
(၇) Clone Stamp Tool Image Flie တစ်ခုထဲတွင်ဖြစ်စေ အခြားဖိုင်တွင်ဖြစ်စေ နမူနာယူထားသည့်ပုံအတိုင်း ပုံတူပွား။
(၈) Patch Tool ရွေးချယ်ထားသော နေရာအားအခြားအစိတ်အပိုင်း(သို့) ps တွင်ပေးထားသော pattern ပုံအစားထိုး။
(၉) Magic Eraser Tool အရောင်တန်ဖိုးတူညီစွာရှိသောနေရာတွင် ကလစ်တစ်ချက်ပေးရုံဖြင့် မူရင်းအရောင်ပျက်ပြီး အရောင်မဲ့ဖြစ်သွားစေ။
(၁၀) Background Eraser Tool Mouse နဲ့Drag ဆွဲယုံဖြင့်မူရင်းအရောင်ပျက်ပြီး အရောင်မဲ့ဖြစ်စေ။
(၁၁) Gradient Tool အရောင်အနုအရင့်များ ရောစပ်သည့် အရောင်ပြေးပုံစံရေးခြယ်။
(၁၂) Blur Tool ပြတ်သားထင်ရှားသောနေရာကို မှုန်ဝါး။
(၁၃) Sharpen Tool မှုန်ဝါးသောနေရာကို ထင်ရှား။
(၁၄) Smudge Tool မူရင်းပုံပျက်ပြီး Mouse ဆွဲသည့်နေရာများသို့ဆေးပြန့်။
(၁၅) Dodge Tool အရောင် ဖျော့။
(၁၆) Burn Tool အရောင် ရင့်။
(၁၇) Sponge Tool အရောင်စိုပြေ။
(၁၈) Eyedropper Tool အလိုရှိသည့် အရောင်နမူနာယူ။

အပြည့်အစုံသို့...

Monday, July 20, 2009

၁။ Operation Of Selection

ကျွန်တော်ဒီနေ့ဆွေးနွေးမယ့် အပိုင်းက အားလုံးသိပြီးသားဖြစ်တဲ့ Operation Of Selection ဖြစ်ပါတယ်…ဒီအပိုင်းမှာ ဆွေးနွေးဖို့ အပိုင်း (၄)ခုရှိပါတယ်..ကျွန်တော် ဥပမာပုံလေးနဲ့ဆွေးနွေးထားပါတယ်…

* (၁) New Selection
* (၂) Add To Selection
* (၃) Substract From Selection
* (၄) Interset With Selection အဲဒီအပိုင်းတွေပါဘဲ..ကျွန်တော် ၁ခုခြင်းပြန်ဆွေးနွေးပါ့မယ်။

(၁) New Selection ။ ။ Selection ဆိုတာ photo ၏လိုချင်တဲ့ အပိုင်းကိုဖြတ်ယူတာပါ။ဒါပေမယ့် ဒီအခြေအနေမှာ Next Selection ဆွဲမယ်ဆိုရင် အရင်ဆွဲထားတဲ့ Selection ပျက်မှာပါ..
အဲဒီလိုအခြေအနေမှာ ကျန်တဲ့ Selection တွေကိုအသုံးပြုရမှာပါ။
(၂) Add To Selection ။ ။ ဒီ Selection ကတော့ အရင်ဆွဲထားတဲ့ Selection ကို ထပ်ဆွဲတဲ့ Selection နဲ့ပေါင်းစပ်ပေးပါတယ်။ ( Shift Key+ Mouse )
(၃) Substract From Selection ။ ။ ဒီ Selection ကတော့ အရင်ဆွဲထားတဲ့ Selection ထဲကနေ ထပ်ဆွဲတဲ့ Selection ကနှုတ်ယူတာပါ။ (Alt Key+ Mouse)
(၄) Interset With Selection ။ ။ ဒီ Selection ကတော့ အရင်ဆွဲထားတဲ့ Selection နဲ့ နောက်ဆွဲတဲ့ Selection (၂)ခုပေါင်းရဲ့ ဘုံပါတာကိုယူတာပါ။ (Shift & Alt + Mouse )

အပြည့်အစုံသို့...